Message from Pastor

ရှင်မာကုခရစ်ဝင်။ ၈း၃၆ _________________ လူသည်ဤစကြာဝဋာကိုအကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ အကယ်၍မိတ်ဆွေသည်ဘုရားနှင့်မသိကျွမ်းသူ ဖြစ်လျှင် ဒီမနေ့ဘုရားသခင်၏ သင့်အတွက်ပေးခဲ့သည့် "အပ္ပါယ်မှလွှတ်ခြင်းလက်ဆောင်" ဖြင့်အစ ပြုနိုင်ပါသည်။ ထိုလက်ဆောင်သည်... အကြောင်းမူကား၊ ထိုသားတော်ကိုယုံကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရမည်အကြောင်းတည်း။ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသည်မိမိ၌ တပါးတည်းသောသားတော်ကိုစွန့် တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။ သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကိုမခံရ။ John 3 : 15 - 18 အကြောင်းမူကား၊ ထိုသခင်အားဖြင့် ငါတို့၌ကျေးဇူးပြု၍၊ ကျေးဇူးတော်၏အလွန်ကြွယ်ဝခြင်းကို နောင်ကပ် ကာလတို့၌ ထင်ရှားစေမည်အကြောင်းဖြစ်သတည်း။ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်။ ဘုရားသခင်သနား တော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှဝါကြွားစရာ အခွင့်မရှိ။ အဘယ့်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသောအကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည်အကြေင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။ Ephesian 2 : 7 - 10 လူသားတို့အတွက် လူသည် မုန့်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်ကျမ်းစာလာသည် ဟု ပြန်ပြောတော်မူ၏။ Matthew 4 : 4 အသက်သာပြောင်းလဲခြင်း လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ ထိုသို့ဖြစ်သော် ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။ 2Cor 5 : 17 ဘုရားသခင်နှင့်သိကျွမ်းခြင်း ဘုရားသခင်နှင့်အကျွမ်းဝင်၍ မိတ်သဟာယဖွဲ့လော့။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည်။ နှုတ်တော်ထွက်တရားကို ခံယူ၍ စကားတော်ကို နှလုံးသွင်းပါလော့။ အနန္တတန်ခိုးရှင်ထံတော်သို့ပြန်လာလျှင်၊ တည်ဆောင်ခြင်းရှိလိမ့်မည်။ Job 22 : 21- 23 ဘုရားသခင်နှုင့်အကျွမ်းဝင်ဖို့ရန် အချိန်ပေးရပါတယ်။ ဒါဝိဒ်က "ဖြောင့်မတ်စွာစီရင်တော်မူချက်များကြောင့်ကိုယ်တော်ကို တစ်ရက်လျှင်ခုနှစ်ကြိမ် အကျွန်ုပ်ချီးမွမ်းတတ်ပါ၏။ Growing with Christ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။ ဤပညတ်သည် ပထမပညတ်ဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့်သဘောတူ၏။ ဤပညတ်တို့ထက်သာ၍ကြီးမြတ်သောပညတ်မရှိ ဟု ပြန်၍မိန့်တော်မူ၏။ Mark 12 : 30 အမိန့်တော်နာခံ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တောနာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။ ငါသည်လည်းကပ်ကမ္ဘာကုန်သည်တိုင်အောင်သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည် ဟုတပည့်တော်တို့အားမိန့်တော်မူ၏။ Matthew 28 : 19 - 20 ဘုရားသခင်နှင့်အကျွမ်းဝင်ဖို့ ဤဝက်ဆိုဒ်မှတဆင့် မိတ်ဆွေများကို ခေါ်ဖိတ်ပါသည်။

0 comments:

Post a Comment